Friday, 2 August 2013

ရှိနေတာ

အိမ်မက်တွေရှိတယ်
ချစ်သူနဲအတူ
 ပျော်ရွှင်စွာ နေဖို့ အတွက်

မျှော်လင့်ချက်တွေ ရှိတယ်
ချစ်သူလက်ကို
 ခိုင်ခိုင်မြဲမြဲတွဲသွားဖို့ ပါ့

စိတ်ကူးတွေရှိတယ်
 ချစ်သူအတွက်
 နှလုံးသားတစ်ခု ပေးအပ်ဖို့ ရှိတယ်



Photo: ချိုသာယဉ်ကျေး

အပြောဆို လေးနဲ့ 

သိပ့်မွေ့  လှတဲ့   ညီမငယ်

တစ်ကယ် လှလို့ 

အနေ အေးဆေး  နေ မလား

အလှတရား တွေနဲ့ 

မြင်ရာလူကို တွဲ

ဆွဲ ကစား  လို့ လှည့် စားနေမလား

မနူးမနပ်  စိတ်ကစား တဲ့   အရွယ်

မဟုတ်ပြန်လေတော့

တစ်ကယ်ဆို

ညီမလေးက  ကဝေမ တစ်ယောက်လိုပဲ

ပြုစားတတ်တဲ့ 

စုန်းမ တစ်ယောက်   လေလားကွယ်

ေယာက်ာၤး.....ေယာက်ာၤး

ထုိ....သူသူ  တုိ ့က

အဆိုး  လည်း ရှိသလို

အကောင်းလည်း ရှိမယ်

အပျိုဂုဏ်ရည်

အမည် လေးတော့

တန်းဖိုးထားစေချင်တယ်

ညီမလေးရယ်

ရုပ်ကလေး  အဆင်း

လှနေသလို

အနေထိုင်လေး လည်း  လှစေလိုပါ ၏

အပြော ကလေး  ချိုအေး

ညီမလေး  အလှလေး  ကိုယ်တွင်း  

မြဲစေချင်ပါတယ်

ဖွင့်ဟ လှန်ပြ

ပြုသူ  မရှက်  မြင်သူရှက် ၍

ဤ သို့   ပုံ နှယ်

ပြုဖွယ်မသင့်

ညီမလေး လည်း  ရှောင်ရှား  စေချင်ပါ၏

မိန်းမ  မိန်းမ  ဒို့ များဘဝ

ကုန်ကူးလှေမှောက်

ဆိုဖွယ်မရှိလောက်ပေမယ့်

လင် ကုန်ရှုံး က  တစ်ဘ၀ စာမို့ 

ညီမလေး ခြေလှမ်း အစ

မမှားရအောင်  အလေးထား

တွေးတော စဉ်းစား စေချင်တယ်

...............သူငယ်ချင်းစာလေးပါ  သဘောကျလို့ ခွင့်တောင်းယူတင်ထားတာပါ..........။

( မှတ်ချက် ဘယ်သူကိုမှ မရည်ရွယ်ပါဘူး...
    အားပေးတဲ့ သူတိုင်းကို ကျေးဇူးတင်ပါတယ်...)

No comments:

Post a Comment