ငယ်ငယ်တုန်းက ခဏခဏ ငိုခဲ့ဖူးတယ်
မိဘတွေဆုံးမစကား နားမထောင်တိုင်းမှာ
အရိုက်ခံရလို့ ...................................။
ကျောင်းသူဖြစ်တုန်းက ခဏခဏ ငိုခဲ့ဖူးတယ်
စာတွေ မလိုက်နိုင်တိုင်း
အရိုက်ခံရလို့ .....................................။
ခုလဲ ငါခဏခဏ ငိုခဲ့ရတယ်
ငါနှလုံးသားက မိုက်မဲ့ခဲ့လို့ 
ကိုယ်ကို မချစ်မသက်တဲ့
လူတစ်ယောက်ကို ချစ်ခဲ့ရလို့ .....................။

No comments:
Post a Comment