Tuesday, 16 July 2013

မင်းသမီး

တစ်ခါတစ်လေ သူသဘောကျတဲ့


မင်းသမီးလေး ဖြစ်ချင်တယ်


သူနှုတ်ခမ်းက အရမ်းချစ်ဖို့ ကောင်းတာပဲလို့ 


မကြာ မကြာချီးမွမ်းသံလေးကို အမြဲကြားချင်မိလို့ ...။

တစ်ခါတစ်လေ သူအမြဲ နားထောင်တဲ့


သီချင်းသံစဉ်လေးဖြစ်ချင်တယ်


သူရင်ထဲမှာသံစဉ်တွေလို နေရာအပြည့်ရချင်မိလို့ ......။

တစ်ခါတစ်လေကျတော့ လည်း

သူ့ထွေးပိုက်ထားတဲ့ ၀က်ဝံ၇ုပ်လေးပဲဖြစ်ချင်တယ်

သူရင်ခွင့်ကျယ်ကြီးထဲမှာ

အမြဲတမ်း ထွေးပိုက်တာ ခံချင်လို့ ....................။

No comments:

Post a Comment