ကြာခဲ့ပေမဲ့
ရင်ဘက်ထဲက နင့်အပြုံးတွေဟာ
ဒီနေ့အထိအသက်ဝင်နေဆဲပါပဲ....
တွေ့ မြင်ခွင့်တွေမရှိခဲ့တော့ပေမဲ့
အတိတ်ဆိုတဲ့ကာလတစ်ခုကလည်း
သိပ်မဝေးတဲ့မနေ့ကလိုပဲ
ယနေ့ ထိ အသက်ဝင်နေဆဲပဲ...
ကာရံမညီမညာနဲ့
ပေးခဲ့ဘူးတဲ့ကဗျာတွေကလည်း
ဖတ်လို့ကောင်းနေဆဲပါပဲ....
လွန်လေပြီးသော အချိန်
နှောင်းခဲ့ပြီဖြစ်တဲ့ ကာလ
ပြုဖူးခဲ့တဲ့ သစ္စာ
ထားခဲ့ဘူးတဲ့ ကတိ
ခိုလုံခဲ့ဘူးတဲ့ရင်ခွင်
အရာအားလုံး ဟာ
စာတင်လောက်အောင်
အရာမဝင်ခဲ့ပေမယ့်
ငါ့ရင်မှာတော့ အက္ခရာအဖြစ်ကျန်ရစ်ပါတယ်ချစ်သူ....
ရင်ဘက်ထဲက နင့်အပြုံးတွေဟာ
ဒီနေ့အထိအသက်ဝင်နေဆဲပါပဲ....
တွေ့ မြင်ခွင့်တွေမရှိခဲ့တော့ပေမဲ့
အတိတ်ဆိုတဲ့ကာလတစ်ခုကလည်း
သိပ်မဝေးတဲ့မနေ့ကလိုပဲ
ယနေ့ ထိ အသက်ဝင်နေဆဲပဲ...
ကာရံမညီမညာနဲ့
ပေးခဲ့ဘူးတဲ့ကဗျာတွေကလည်း
ဖတ်လို့ကောင်းနေဆဲပါပဲ....
လွန်လေပြီးသော အချိန်
နှောင်းခဲ့ပြီဖြစ်တဲ့ ကာလ
ပြုဖူးခဲ့တဲ့ သစ္စာ
ထားခဲ့ဘူးတဲ့ ကတိ
ခိုလုံခဲ့ဘူးတဲ့ရင်ခွင်
အရာအားလုံး ဟာ
စာတင်လောက်အောင်
အရာမဝင်ခဲ့ပေမယ့်
ငါ့ရင်မှာတော့ အက္ခရာအဖြစ်ကျန်ရစ်ပါတယ်ချစ်သူ....
No comments:
Post a Comment