Tuesday, 16 July 2013

ကောင်မလေးတစ်ယောက်

ခံစားတတ်ရဲ့လား...

ဒီလောကကြီးထဲမှာ

ကဗျာဆန်ဆန် ၊ ချောမောသူမဟုတ်ပေမဲ့

ကောင်မလေးရဲ့ရင်ထဲမှာ

နင့်အတွက် ...လှပ နူးညံ့တဲ့သံစဉ်တွေရှိတယ်ဆိုတာ...။

မြင်တတ်ရဲ့လား.....

ပေါ့ပျက်ပျက်ရယ်မောတတ်ပြီ

ဘာကိုမှ ဂဂုမစိုက်တတ်တဲ့

ကောင်မလေးရဲ့ရင်ထဲမှာ

နင့်အတွက် ... လေးနက်ခြင်းတွေပြည့်နက်နေတယ်ဆိုတာ...။

သိထားစမ်းပါ....

လွတ်လပ်ပွင့်လင်းစွာနေတတ်ပြီ

ဟန်ဆောင်ခြင်းကင်းတဲ့

ကောင်မလေးရဲ့ရင်ထဲမှာ

နင့်အတွက် ... ချစ်ခြင်းအပြည့်ရှိသလို

ပြင်းထန်တဲ့ ... မာနတရားတွေရှိတယ်ဆိုတာ......။

No comments:

Post a Comment