Tuesday, 16 July 2013

ကျာ်းတွေအချစ်

အမှန်တကယ် ကိုယ်ကို ချစ်ခဲ့တဲ့

ယောကျာ်းတစ်ယောက်ဆီမှာ

မမြင်နိုင်တဲ့ ..ခွင့်လွတ်ခြင်းတွေ

နားလည်ပေးနိုင်ခြင်းတွေ

သည်းခံ၊ အလိုလိုက်ခြင်းတွေနဲ့ 

ကိုယ် ဘာပဲ လုပ်လုပ်

အပြစ်တင်ချင်ရင်တောင်

ကိုယ်ပျှော်နေတာကို ကြည့်ပြီ

ကိုယ်ပျှော်ရွှင်မှုနဲ့ ...

သူရဲ့ သ၀န်တိုမှုတွေကို

မကျေမနပ်ဖြစ်ခြင်းတွေကို

လဲယူလိုက်ပြီ ဘေးကနေ

ကိုယ်ပျှော်ရွှင်မှု တွေ နှုတ်ဆိတ်သွားမှာစိုရိမ်းစွာ

တိုးတိုးတိတ်တိတ်နေပေးနိုင်ခဲ့သူလဲ ဖြစ်တယ်......။

သူက....တစ်ခါတစ်လေ...

ဖခင်တစ်ယောက်လိုစောင့်ရှောက်တတ်သူလဲဖြစ်တယ်...

တစ်ခါတစ်လေလဲ...

သူငယ်ချင်းလို ဘေးကနေအဖော်ပြုပေးသူလဲဖြစ်တယ်...

တစ်ခါတစ်လေ

အစ်ကိုတစ်ယောက်လို ဆုံးမတတ်သူလဲဖြစ်တယ်.....

တစ်ခါတစ်လေ

ပြောမပြတတ်တဲ့ ဂဂုဏာတွေအပြည့်နဲ့ 

ချစ်နေနိုင်သူလဲဖြစ်တယ်......................................။

No comments:

Post a Comment