Friday, 21 June 2013

နီးခြင်း၊ ဝေးခြင်း ကင်းတဲ့ ချစ်ခြင်းတွေနဲ့

ညတစ်ညရဲ့
ဒဏ္ဍာရီအစ ခပ်တိုးတိုးတေးသွားနဲ့
လှပတဲ့သံဇဉ်တစ်ပုဒ် သဲ့သဲ့အကြားမှာ
ဝရုန်းသုန်းကားနဲ့
ရင်တွေခုန်နေလိုက်တာ
ငါကိုယ်ငါ ထိန်းချုပ်ဖို့
လစ်ဟင်းခဲ့ရာက စလို့ပေါ့........

စမ်းတဝါး
လျှောက်နေရတဲ့ ဘဝမို့
အချစ် ဆိုတာကို
လစ်လျူရူခဲ့ပါရဲ့နဲ့
သတိမထားမိတဲ့အချိန်မှာ
တိုးတိုးတိတိတ်လေးနဲ့ 
အရိပ်လေးက လွမ်းမိုးနေခဲ့ရပြီ...။

ကာရံလဲမသိ၊ ဘာဆိုဘာကိုမှလဲနားမလည်
ဆုံစည်းရန် တစ်ခုတည်းသာ မျှော်လင့်လို့
နေခဲ့မိတယ်..............................။

အားပါးတရ ရယ်မောတက်တဲ့
ပွင့်လင်းမှုတွေ အောက်မှာ
ကျရှုံးခဲ့ရတဲ့ နှလုံးသား တစ်စုံအတွက်
ငါ ဂုဏ်ယူနေမိပြန်တယ် ..........။

နီးခြင်း၊ ဝေးခြင်း ကင်းတဲ့
ချစ်ခြင်းတွေနဲ့
ငါ့ရင်ခွင်ဟာ နင့်အတွက်အမြဲတမ်း နွေးထွေးစေရမယ် ချစ်သူ....။

No comments:

Post a Comment