Monday, 10 June 2013

လမ်းမကျယ်ကြီးမှာ



ဘ၀ဆိုတဲ့..လမ်းမကျယ်ကြီးမှာ

အချစ်ဆိုတာကို.....

မတော်တဆ ခလတ်တိုက်မိခဲ့တာပါ...

အတိတ်နဲ့သွေးပြီး ပစ္စုပ္ပန်မှာ

ထက်မြနေတဲ့အလွမ်းတွေ

သတိတရမင်းမူနေတဲ့...အုပ်စိုးမူတွေ

ကျန်ရစ်ခဲ့ပေမဲ့ အစကတည်းက

ငါသိနေပါတယ်

အမှန်ယောင်ဆောင်ထားတဲ့

အမှားတွေနဲ့

ငါ့ရင်ဘတ်ကို တံခွန်စိုက်

နင့်စိတ်ကြိုက်ငါကိုဆော့တော့မယ်ဆိုတာ

ငါသိနေပါတယ်လေ

ခုတော့.................

အက္ခရာလွဲနေတဲ့..

လမ်းခွဲ အတွက်.....

ငါ့ကို လေးနက်ခွင့် ပြုပါ.................။



No comments:

Post a Comment