Monday, 10 June 2013

နင့်ကို ချစ်တဲ့နှလုံးသားတစ်ခုပဲရှိတယ် +နင့်အတွက်ဆို အရာရာကို

ဘာမှမရှိတော့ဘူး ..ချစ်သူ ….

မင်းကိုချစ်မိတဲ့နေ့ကစပြီး
ငါ့အတ္တတွေကို သဂြိုလ်ခဲ့တယ် …
ငါ့မာနတွေကို မြေမြုပ်ပစ်ခဲ့တယ် …
ငါရင်ဘတ်က နင့်အတွက်
ပေးဆပ်ဖို့ ကလွဲလို့ ဘာမှမရှိတော့ဘူး....

အခု ငါ့မှာ
နင့်ကို ချစ်တဲ့နှလုံးသားတစ်ခုပဲရှိတယ်
အဲဒီနှလုံးသားကို နင့်ကြိုက်သလို
ပုံရိပ်တွေ ရေးဆွဲခွင့်ငါပေးထားတယ်ချစ်သူ


နင့်အတွက်ဆို အရာရာကို
ခွင့်လွှတ်ကာ နားလည်ပေးချစ်ချင်ခဲ့သူပါ...

အမုန်းလား
ပေးလှည့်ပါချစ်သူ
ကျေနပ်စွာ ခံယူမယ်......

ဥပေက္ခာပြု၊ အထီးကျန်ခြင်းတွေလား
ကျေနပ်စွာခံယူပါမယ်...................

ခါးသီးခြင်းတွေလား...
နာကျင်ခြင်းတွေလား
ရောင့်ရဲခြင်းတွေနဲ့ 
နင်ရက်စက်သမျှ
ကျေနပ်စွာခံယူပါ့မယ်....ချစ်သူ...

No comments:

Post a Comment