Friday, 10 May 2013

ငါနားလည်ပါပြီ ချစ်သူ

နင့်ရင်ထဲ ငါမရှိခဲ့ဘူးဆိုတာ သေချာသိလာတဲ့အခါ
အချစ်တု ဆိုတာ ငါနားလည်တတ်လာပြီ............

အချစ်စစ်ဆိုတာငါ့အတွက် နင့်ဆီမှာ မရှိဘူး လို့ သေချာသိလာတဲ့အခါ
ခံစားချက်အတုတွေကိုလည်း ငါနားလည်တတ်လာပြီ...............

အနိုင်ယူခြင်းသက်သက်တွေကိုပဲ နင့်ဆီက တုန့်ပြန်မှုတွေကို မြင်နေရတဲ့အခါ
နင့်ရင်ခွင့်ဟာ အချစ်မရှိတဲ့ဗလာနှလုံးသားဆိုတာကို
ငါနားလည်လက်ခံတတ်လာပြီ.........................

ငါနားလည်ပါပြီ ချစ်သူ
ငါလက်ခံလိုက်ပါပြီ ချစ်သူ
ငါနားလည်ပါပြီ................ချစ်သူ....
....................

 

No comments:

Post a Comment