Friday, 10 May 2013

ငါက မလိုအပ်ဘူးတဲ့လား


နင် စိတ်ညစ်တဲ့အခါ နင့်ဘေးနားမှာ ထပ်တူခံစားပေးဖို့ 
ငါ့နှစ်သိမ့်မှု့တွေက နင့်တွက်မလိုအပ်ခဲ့ဘူးပေါ့ ဟုတ်လား...။

နင် အေးစက်နေတဲ့ နင့်နှလုံးသားကို
ငါ့မေတ္တာနဲ့ နွေးထွေးမှု ပေးချင်ခဲ့တာ
နင့်အတွက်မလိုအပ်ခဲ့ဘူးပေါ့.....ဟုတ်လား.....။

နင် ၀မ်းနည်းချိန်တိုင်း ငါအကြင်နာနဲ့ဖေးမချင်ခဲ့တာ
ငါ့ဂရုဏာတွေက နင့်တွက်အသုံးမ၀င်ဘူးပေါ့...ဟုတ်လား...။


နင့်တွက်နဲ့  တွေးခဲ့ရတဲ့စိတ်ကူးတွေ
မက်ခဲ့ရတဲ့ မျှော်လင့်အိမ်မက်တွေ
တည်တောက်ချင်ခဲ့တဲ့ အနာဂါတ်တွေ
လေထဲမှာ.....လေထုနဲ့ အတူလွင့်ဆင့်ပျောက်ကွယ်ရတော့မယ်
ထင်တယ်.....ချစ်သူရယ်...
.

No comments:

Post a Comment