Monday, 15 April 2013

တကယ်ပါ..

လမ်းခွဲတယ် ဆိုတာ ငါအတွက်အရမ်းခက်ခဲ့တဲ့အရာတခုပါ
လမ်းခွဲဖို့  ငါကချစ်ခဲ့တာမှ မဟုတ်တာ
မေ့ပစ်လိုက်ဖို့ ဆိုတာလဲ သိပ်မြန်ဆန်တဲ့ ပြောင်းလဲမှုမှ မဟုတ်တာ
လွယ်လွယ်မပြောပါနဲ့ ချစ်သူ
နင့်မရှိပဲ ငါနေနိုင်ခဲ့မယ်ဆိုရင်တောင်
နင့်ကို မချစ်တော့ပဲ မနေနိုင်ပါဘူး
နင့် ငါကို မေ့ထားနိုင်ခဲ့ရင်တောင်
နင့်ကိုတော့ ငါတစက္ကန့် မှ မေ့မပစ်နိုင်ပါဘူး......

.............................................................................
*** မင်းပြောနိုင်တာထက်..ငါပိုချစ်ခဲ့တာပါ..
မင်း (လွမ်းနေတာနော်)..ဆိုတာထက်..
ငါ မင်းကိုပိုလွမ်းခဲ့တာပါ...
-----------

*** မင်း ဘယ်သူတွေကို ချစ်နေ ၊ လွမ်းနေနေပေါ့..
ငါမင်းကိုမတားဘူး..
မင်းလွတ်လပ်စွာ နေထိုင်သွားနိုင်ပါတယ်..
----------

*** တကယ်လို့ ချစ်သူ..မင်းနှလုံးသားတစ်စုံဟာ..
တစ်ယောက်ယောက်အတွက် သီးသန့် ဖြစ်နေခဲ့မယ်ဆိုရင်တောင်..
ငါမင်းကို ကျေနပ်စွာ ..ပြုံးပြနေခဲ့မှာပါ.........။။။။။။။။

No comments:

Post a Comment