Friday, 26 April 2013

ငါ့ရင်ထဲမှာတော့

အမှတ်တမဲ့တွေကို
အမှတ်တရ အဖြစ် ဖန်းတီးရင်း
ထင်ကျန်ခဲ့တဲ့
မင်းရဲ့ အငွေ့အသက်တွေနဲ့
ရှင်သန်နေရပေမယ့်
လက်ရှိ ငါ့တာဝန်တွေကို့ငြီငွေ့နေခဲ့ရပြီ.......ချစ်သူ

...................................................
ငါဆိုတာက
ဇာတ်ဆရာအလိုကျ
ရုပ်သေးရုပ်လိုကပြဖို့ လေ
အချိန်ပိုင်နဲ့  နာရီစက္ကန့် တွေ
လည်းပါတ်နေသ၍တော့
ပေးဆပ်ခဲ့ရသူတစ်ယောက်မို့ 
ရေဆန်ကို ကူးခတ်နေရင်နဲ့ 
ငါ့ရဲ့ ခြေလက်တွေညောင်းခဲ့ရင်
နင့်ရဲ့ ရင်ခွင်မှာ
ခိုလှုံခွင့်လေးကိုတော့
ပေးလှည့်ပါချစ်သူ.....

............................................
 
 
နင်နဲ့ငါ့ရဲ့ဆုံတွေ့ခြင်းမှာ
မာယာတွေမပါခဲ့ပါဘူးချစ်သူ….

ရင်ခုန်သံထပ်တူကျပြီး
ရင်ဘတ်ချင်းချစ်ခဲ့တာညီမယ်ထင်ခဲ့တာပါ....

ရိုးရိုးလေးပါ...ချစ်သူ
နင့်ကို.....ငါကအရာရာထက်ပိုချစ်သလို
ငါ့ကိုလည်း....နင်ချစ်ခဲ့တယ်လို့ လေ.....


ဘ၀တစ်သက်စာထိ
တိုက်ပွဲဝင်ကြမယ်ဆိုတဲ့စိတ်ကူး
နင်နားလည်နုင်လောက်တဲ့
ကမ္ဘာဦးဘာသာစကားနဲ့
ငါပြောမိခဲ့တယ်ထင်တာပဲလေ..

ခုတော့ဘယ့်ဟာကမှားယွင်းနေလို့ လည်
နှလုံးသား နှစ်ခုက
သွေးတွေထွက်ကုန်ပြီပေါ့...

ခုလို လမ်းခွဲမှာလေ….
နင့်ရင်ထဲငါမြင်ခွင့်ရချင်တယ်ဟ..

ငါ့ရင်ထဲမှာတော့
အလွမ်းတွေနဲ့အတူ
အချစ်ပါးပါးလေးတွေ
တွဲကပ်လျှက်ရှိနေသေးတယ်

No comments:

Post a Comment