Monday, 15 April 2013

ငါမောပန်လှပါပြီ..............။

သွားပါတော့  ချစ်သူရယ်
ငါ့ အိမ်မက်ထဲမှာတောင်....ကြေးနူးခွင့်မှ မရရှိတော့တာ......။
မင်းရေးတဲ့ ဇာတ်ညွှန်းက
ငါမလိုက်နိုင်မဲ့....လှည့်ကွက်တွေ ပဲမို့ 
ငါ့ ကို နှုတ်ထွက်ခွင့် ပြုလှည့်ပါ..................................။
ငါ့ နှလုံးသားက နင့်အင်ပါယာအတွက်
လှလှပပလေးကျရှုံးခဲ့ တာတောင်မှ
နင့်အတွက်မလုံလောက်သေးဘူးထင်ရင်
ဘာကိုထပ်လိုချင်သေးလဲ........ပြောလိုက်ပါ.................။
ငါမတောင်း ဆိုခဲ့ ပါပဲ
အလိုလိုရရှိလာတဲ့ 
အလွမ်းတွေပဲသိမ်းဆည်းပြီတော့
တစ်ခါတစ်ခါ
ဖွင့် ဟ အော်ဟစ်ပစ်လိုက်ပါမယ်........................။
ဒါ..................
မာယာမဟုတ်ဘူးနော်
အားလုံးဆုံးရှုံးခဲ့  ရတာတောင်မှ
ငါ့ မှာ
အချစ်တွေတော့ ကျန်နေသေးလို့ 
သွားပါတော့ 
ချစ်သူ.........................ငါမောပန်လှပါပြီ..............။

No comments:

Post a Comment