Monday, 15 April 2013

လိုအပ်တာပေါ...

တကယ်တော့
လိုအပ်တာပေါ့
ငါငိုကြွေးနေချိန်မှာ
ငါ့မျက်ရည်တွေကို မျှဝေခံစားပေးဖို့ လေ........။

တကယ်တော့
လိုအပ်တာပေါ့
ဝမ်းနည်းတဲ့အခါ
အားငယ်ချိန်အခါ
နေမကောင်းဖြစ်တဲ့အခါ
ငါကို နားလည်ပေးဖို့ 
အားပေးဖို့ 
ထပ်တူ ငါသောကတွေ
မျှဝေခံစားပေးဖို့ လေ...................။

ငါခေါ်လိုက်တိုင်း
မဆိုင်းမတွ ရောက်လာတတ်တဲ့
နင်....
ငါ့ဘ၀အတွက်..
တကယ်လိုအပ်တာပေါ့...............။

No comments:

Post a Comment