Thursday, 28 March 2013

အလွမ်းစာတွေ နင့်ဖတ်ဖို့ စွတ်စွတ်ရေးနေမိခဲ့တယ်..........................

ကဗျာ တပုဒ်ရေးမလို့ 
နှလုံးသားက ကာရံတွေမညီတော့
အတွေးများလည်းရှုပ်ယှက်ခတ်လို့
နင့်ဖတ်ဖို့ ရေးဖြစ်တဲ့ ကဗျာ...ပါ
တနေ့နေ့တော့.....နင့်လာဖတ်လှည့်ပါ...
..............
ရင်ဘတ်ထဲမှာတော့
ဘာမှမရှိဘူး နတ္ထိတွေနဲ့ ပြည်နေတယ်
ငိုကြွေးသံသဲသဲတော့
သံစဉ်တွေနဲ့  ရော့နှောပီး ကြားမိတယ်...
ငါတွက် အလွမ်းဂီတတွေလေ
.........................
နှလုံးသားထဲအမြစ်တွယ်နေတဲ့
အချစ်နယ်က ကျရှုံးခဲ့ရလို့ 
ငါ
အမုန်းတွေနဲ့  မိတ်ဖွဲ့ ရတယ်..
ခုတော့
အလွမ်းတွေကိုထွေးပိုက်ရလို့ 

အလွမ်းစာတွေ
နင့်ဖတ်ဖို့ စွတ်စွတ်ရေးနေမိခဲ့တယ်..........................

No comments:

Post a Comment