*** သတိရခြင်တဲ့လေ***
မြင်နေမိတယ်..ပုံရိပ်လေးတစ်ခု
ဒါသူတွေ တစ်စုံတစ်ယောက်ကို
နက်ရှိုင်းစွာ သတိရနေတာ
သက်သေတွေပဲလေ............
***အလွမ်းတဲ့လေ***
အသံမမြည်ဘူးဆိုပေမဲ့
ပုံဖော်ပြလို့ မရဘူး
သက်သေပြလို့ မရဘူး
မြင်ယောင်တယ်
ကြားယောင်တယ်
ချစ်သူရဲ့ အပြုအမှုလေးတွေ
သံစဉ်တစ်ခုလို့ ပဲ.................
***အချစ်တဲ့လေ***
တို့ထိလို့မရနိုင်ပေမဲ့
ရင်ဘတ်ရဲ့အနက်ရှိုင်းဆုံးထောင့်မှာတော့
ခပ်ပါးပါးလေးနေရာယူလို့......
ရိုးရိုးလေးနဲ့ ၊ မြတ်နိုးခြင်တွေပဲပြည့်နေတယ်
အမုန်းလဲမရှိပါဘူး ၊ အတ္တလဲ မရှိပါဘူး ၊
ရယူချင်လဲ မရှိပါဘူး ၊စွန့်လွတ်လိုစိတ်လဲမရှိပါဘူး
ဒီတိုင်းလေးနဲ့ ပါပဲ.............................................
အခုတော့ငါက..........................
အချစ်ဆိုတဲ့  မျော့ကွင်းထဲက
သတိရခြင်တွေ ၊ လွမ်းဆွတ်ခြင်တွေ
အဖော်ပြုလို့ 
မညီမညာနဲ့  ကာရံတွေလဲ မလှမပနဲ့ 
ပုံစံလဲ မကျမနနဲ့ ......................................
အဲဒါကငါလေ.....................................................

No comments:
Post a Comment