ဂီးတာလေး တဒေါက်ဒေါက်နဲ့ 
တီးခေါက်လို့ သံဇဉ်တွေရှာရင်း
ခြောက်ကပ်ကပ် သီချင်းတွေကို ထထအော်နေမိတယ်
နာရီလက်တံတွေသာ ယိမ်းသွားခဲ့ရလို့ 
ဒီညတော့
ရင်ဘတ်ထဲက အလွမ်းည..တညပေါ့.....
..............................
နှလုံးသားက နာကျင်ခြင်းကို ရင်မဆိုင်ရဲလို့
ရှောင်ပုန်းရင်း .ယစ်မူးစေတဲ့ အဆိပ်ခွက်တွေ
မော့မော့သောက်ပီး
မိုးလင်းသွားခဲ့တယ်
ဒီညတော့
ရင်ဘတ်ထဲက အလွမ်းည...............တညပေါ့..
..............................
အိပ်မက်လေးရယ် ငါကိုနားခိုခွင့်ပြုပါ
ငါရဲ့ ည တွေ အရာအားလုံးကို
ကျော်ခိုင်းပြီ နှစ်ခြိုက်စွာ အိပ်ပျော်ချင်လို့ 
အိပ်မက်လေးက ငါကိုတညတာဖြစ်ဖြစ်နားခိုခွင့်ပြ
ဒီညကတော့
အိပ်မက်က
ငါကို ချော့သိပ်နေမဲ့ ....................ညတညပေါ့...
..............................
No comments:
Post a Comment