Thursday, 28 March 2013

ငါ တိုးတိုးလေးပြန်ပြောလိုက်မိတယ်

ညနေလေးက ပြောတယ်
နင့်လှလှပပလေး နေပါလားတဲ့
ငါ တိုးတိုးလေးပြန်ဖြေလိုက်မိတယ်
" ငါ အဆင်ပြေနေပါတယ်လို့ "လေ

လမင်းကြီးက ပြောတယ်
နင့်စိတ်တွေ စုစည်းထားပါတော့တဲ့
ငါ တိုးတိုးလေးပြန်ဖြေလိုက်မိတယ်
" ငါ့စိတ်တွေကို ငါဆီမှာမရှိတော့ဘူးလို့ "လေ

အခန်းထဲက ကွန်ပျုတာလေးက ပြောတယ်
နင်... အလွမ်းသီချင်းတွေပဲဖွင့်နေတာ
ငါငြီးနေပြီစက်တွေလဲ လေးနေပြီ
မခံနိုင်တော့ဘူးတဲ့
ငါ တိုးတိုးလေးပြန်ဖြေလိုက်မိတယ်
" ကျေးဇူးပြုပြီ မရပ်လိုက်ပါနဲ့ 
အလွမ်းဂီတတွေက ငါ့ရဲ့အဖော်တွေပါလို့ "လေ


ခေါင်းအုံးလေးက ပြောတယ်
နင့်ငိုကြွေးသံတွေ မကြားချင်တော့ဘူးတဲ့
နင့်မျက်ရည်တွေကို ငါမကြည့်ရက်တော့ဘူးတဲ့
ငါ တိုးတိုးလေးပြန်ပြောလိုက်မိတယ်
" ငါရဲ့ အကောင်းဆုံးထွက်ပေါက်တခုပါလို့ "လေ

No comments:

Post a Comment