မိန်ကလေး....
မင်းဟာ..ငါ့ရင်ခွင်တံခါးကို ဘယ်သူမှမခိုင်းပဲ ခေါတ်ခဲ့တယ်...
ငါ့ခွင့်ပြုချက်မရပဲ ငါ့ဘဝထဲကို ခပ်တည်တည်နဲ့ ဝင်လာခဲ့တယ်..
ငါ့ရဲ့တွေးခေါ်တက်တဲ့ဦးနှောက်တွေဟာလဲ မင်းရဲ့ညှို့မျက်လုံးတွေကြောင့်
ငါ့ရဲ့စကားကို နားမထောင်တော့ဘူးကွာ.....
ငါ့နှလုံးသားတစ်ခုလုံးကိုလဲမင်းရဲ့အကြင်နာတွေနဲ့တုတ်နှောင်ထားလို့ ငါ့ဘဝကြီး တစ်ခုလုံး မင်းကို အပိုင်ပေးမယ်လို့ဆုံးထာတဲ့ အချိန်မှာတော့
မင်းက ဘာမှ မသိသလို မျက်နှာပေးနဲ့ ထွက်သွားတော့မယ်ပေါ့လေ...
မင်းထွက်သွာတာအရေးမကြီးဘူး..ငါ့ဘဝကြီးဟာ အခုမင်းမရှိတော့
မွေးခါနီးဝက်မကြီး အသိုက်ဆွဲထားတဲ့နေရာကို ကြက်ယက်သွားသလိုပဲ..
စုတ်ပြတ်နေခဲ့ပြီကွာ..
မင်း ဘာ့ကြောင့် ထွက်သွားရတာလဲကွာ..ကလေးတွေအများကြီးမွေးမယ်ပြောလို့လား...
ပထမဦးဆုံး မွေးတဲ့ကလေးကို သိုင်းသင်ပေးပြီး မကျေနပ်တဲ့သူတွေကို ချခိုင်းမလို့...
ငါ့အိမ်မက်တွေ မင်းမရှိတော့ဘယ်သူကူညီမှာလဲ အဲဒါသယ်ရင်းတွေလဲ ကူမှာဟုတ်ဘူး..
သားလေး မမွေးပဲ သမီးလေးမွေးရင် ပြန်သွင်းမယ် လို့လဲ ငါမပြောဘူးနော်..
မင်းကြိုက်တာမွေး အဓိက က မင်းပြန်လာဖို့ပဲ ...........
မင်းပြန်မလာရင် လစ်ဟာသွားတဲ့ ငါ့ရင်ခွင်ကို တခြားမိန်ကလေးတွေ အမျာကြီးဝင်လာရင် ငါမျက်ခုံးလှုပ်လို့ပါ(ဆင်ခြေရာခွက်ထဲ မိုးရေတွေ ဝင်သလိုပေါ့)
ငါကြောက်တယ် နင်မြန်မြန်ပြန်လာခဲ့တော့နော်..........
စိတ်ကတိုတို
ကီးဘုတ်ကအိုအိုနဲ့
စာတိုတိုပဲရေးမလို့ဟာ များသွားပြီ (ပြန်လာခဲ့ ဒါပဲ)
No comments:
Post a Comment