Wednesday, 20 February 2013

သူသိပါစေ

နင်လိုအပ်ချိန်
ငါဘယ်ရောက်ရောက် ဘယ်လောက်ဝေးဝေး
ပင်လယ်ကိုကူး လှိုင်းကြမ်းဖြတ်ကျော်
တောင်တွေထွင်းဖောက် ရှေ့တော်မှောက်သို့
ခစားဖို့ငါရောက်လာမယ်..............။

နင်လိုချင်ရင်
ဘယ်လောက်ပင်ပန်း ဘယ်လိုကြမ်းတမ်းလဲ
ကြယ်စင်ဆွတ်ချွေ နတ်ပန်းမဥူရအောင်ခြူလို့
မင်းထံအရောက် ဆက်သမယ်...........။

နင့်အတွက်ဆို
နင်လိုရာစေ နင့်ရဲ့ဆန္ဒ အကုန်ပြည့်ဝအောင်
ဖြည့်ဆည်းရင်းသာ ငါ့ဘ၀ကိုပေးဆပ်မယ်...............။

နင့်နှလုံးသား နင့်စိတ်ထဲမှာ
ဒီလူတစ်ယောက် နင့်ရှေ့မှောက်၌
အသည်းအသက်နှင်းအပ်လျက်သာ
ချစ်နေတာကို
နင်သိရင်ငါ ကျေနပ်ပြီ.............။

No comments:

Post a Comment