Wednesday, 27 February 2013

အပိုင်းအစ

နင်က ..........ငါ့ဘ၀အတွက် သံစဉ်တပုဒ့်
နင့်က........... ငါ့အတွက် ကဗျာတခု
နင်က ...........ငါ့တိတ်ဆိတ်မှုရဲ့အဖော်တစ်ယောက်
နင်က ...........ငါ့ကာရံညီတဲ့ ရင်ခုန်သံ
နင်က........... ငါ့ဘ၀အတွက် အဓိပ္ပါယ်ရှိစေတဲ့ အရာ
နင့်က ...........ငါ့စိတ်ကူးတွေအတွက် မျှော်လင့်ချက်အိမ်မက်
.......................................................

နင်က ငါ့ရဲ့ အရာ အားလုံးပါပဲ
နင်မရှိဘဲ ငါရှင်သန်ဖို့ မဖြစ်နိုင်ဘူး ချစ်သူရယ်


**************************************************************
အချစ်တဲ့လေ...ငါကိုတခွန်းမှအကြောင့်ပြချက်မရှိပဲ..
ကျောခိုင်းထွက်သွားတာ
အဲဒီကအချိန်ကတည်းက ...ငါအိပ်မက်တွေလဲ
ရပ်တန့် လို
ရင်ခုန်သံတွေလဲ ငိုကြွေးခဲ့ရတယ်......................

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
နင်ထားခဲ့ရင်တော့ငါမှာယောင်ချာချာနဲ့ 
ဘ၀က ရှင်သန်တာကိုမေ့နေသလိုပဲ
အသက်ဆုံးသွားသလို ခံစားရတယ်
ရည်ရွယ်ချက်တွေပျောက်ရှပြီး
အိမ်မက်တွေလဲ လေလဲမှာပဲပျက်စီးလို့ 
အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေတယ်..

(နင့် ချစ်ခဲ့တာတွေပဲ ဖြစ်ဖြစ် နင့်ထွက်သွားတာတွေပဲဖြစ်ဖြစ်
ဒါတွေသာ အိမ်မက်ဖြစ်ရင် သိပ်ကောင်းမယ်နော်)

ခုတော့
ခုတော့
ခုတော့
နင်သိဖို့ပဲ လိုအပ်တာပါ နင်ယုံပေးဖို့ မပြောပါဘူး
နင်နားလည်ဖို့ပဲ လိုအပ်တာပါ
ငါအတွက်နင်ခံစားပေးဖို့ မလိုအပ်ပါတော့ပါဘူး...............
 

No comments:

Post a Comment