ညာင်ပင်ကြီးပေါ်မှာ.........မနက်ခင်းနေပူစာလှုံနေတဲ့ ငှက်ကလေးတွေ အများကြီးဘဲ၊ လှလိုက်တာ..... မေမေ့ ကို မော့ကြည့်ပြီးတော့ `` အဲဒါဘာငှက်လေးတွေလဲမေမေ လှလိုက်တာ.....အများကြီးနော် ´´ လို့ ပြောလိုက်တယ်၊ မေမေက `` ဒီငှက် ကလေးတွေကို ငူ ဒါမှမဟုတ် မယ်ဇယ်ငှက်ကလေးတွေလို့ခေါ်တယ်သားရဲ့၊ သူတို့က အုပ်စုလိုက်နေကြတာပြီးတော့လေ......´´ မေမေ ဆက်ပြီးပြောပြတဲ့ ....မယ်ဇယ်ငှက်ကလေးတွေအကြောင်းက နှစ်(၂၀)ကျော်လောက်ကြာခဲ့ပြီ အခုထိမှတ်မိနေသေးတယ်.....မှတ်မှတ် ထင်ထင် မေမေ့လက်ကိုဆွဲပြီး လှပတဲ့ မနက်ခင်းလေးမှာ လမ်းလျှောက်ခဲ့စဉ်ကပေါ့.......
ဘ၀တွေအများကြီး၊ အခြေအနေတွေလဲ မျိုးစုံပေါ့....... ကံ.....ကံ၏အကျိုးအရ...ကောင်းကျိုးဆိုးကျိုးတွေကို ကိုယ်စီခံစားကြရတယ်.. နိမ့်တုံမြင့်တုံ လျှောက်လှမ်းရတယ်၊ သမရိုးကျဘ၀တွေ..... ကံတွေအတွက်ပေါ့..... အတိတ်ကံကိုတားဆီးလို့ မရနိုင်ပေမဲ့ အနာဂတ်ကာလလှပအောင်၊ ပစ္စုပ္ပန်ကံလေး ကောင်းနေအောင်တော့ ကိုယ်တိုင်လုပ်ယူလို့ရပါတယ်၊ ဘုရားရှင်ဟောကြား ခဲ့တဲ့ တရားတော်တွေကို မေမေပြောပြဆုံးမခဲ့တာလေ. လောကဓံကို ခံနိုင်ရည်ရှိအောင် မေမေသင်ကြားပေးခဲ့တာပါ.ငယ်ရွယ်နုနယ်တဲ့ အချိန်မှာကတည်းက လောကဓံဟာ စိတ်နှလုံးကို အချိန်မရွေး နှိပ်စက်တတ်တယ်ဆိုတာနားလည်ထားခဲ့ပါတယ်။ ဒါပေမဲ့မေမေ......... သားလေ.......အခု ခံနိုင်ရည်မရှိဘူး၊ မေမေ့ကို အရမ်းသတိရတယ်.... သားရင်တွေ ပူလောင်လွန်းလှပါတယ်....မေမေရယ်။
ဘ၀တွေအများကြီး၊ အခြေအနေတွေလဲ မျိုးစုံပေါ့....... ကံ.....ကံ၏အကျိုးအရ...ကောင်းကျိုးဆိုးကျိုးတွေကို ကိုယ်စီခံစားကြရတယ်.. နိမ့်တုံမြင့်တုံ လျှောက်လှမ်းရတယ်၊ သမရိုးကျဘ၀တွေ..... ကံတွေအတွက်ပေါ့..... အတိတ်ကံကိုတားဆီးလို့ မရနိုင်ပေမဲ့ အနာဂတ်ကာလလှပအောင်၊ ပစ္စုပ္ပန်ကံလေး ကောင်းနေအောင်တော့ ကိုယ်တိုင်လုပ်ယူလို့ရပါတယ်၊ ဘုရားရှင်ဟောကြား ခဲ့တဲ့ တရားတော်တွေကို မေမေပြောပြဆုံးမခဲ့တာလေ. လောကဓံကို ခံနိုင်ရည်ရှိအောင် မေမေသင်ကြားပေးခဲ့တာပါ.ငယ်ရွယ်နုနယ်တဲ့ အချိန်မှာကတည်းက လောကဓံဟာ စိတ်နှလုံးကို အချိန်မရွေး နှိပ်စက်တတ်တယ်ဆိုတာနားလည်ထားခဲ့ပါတယ်။ ဒါပေမဲ့မေမေ......... သားလေ.......အခု ခံနိုင်ရည်မရှိဘူး၊ မေမေ့ကို အရမ်းသတိရတယ်.... သားရင်တွေ ပူလောင်လွန်းလှပါတယ်....မေမေရယ်။
မပြည့်စုံပေမဲ့... အေးချမ်းတဲ့ဘ၀၊ အေးချမ်းတဲ့ စိတ်ထားတွေနဲ့ ရှင်သန်ကြီးပြင်းလာခဲ့တော့လဲ ကိစ္စတော်တော် များများကို အကောင်းမြင်တတ်ခဲ့တယ်၊ နားလည်ပေးနိုင်တယ်၊ ခွင့်လွှတ်ပေးနိုင်ခဲ့တယ်လေ..... ဒါပေမဲ့ ချစ်သူရဲ့ တစ်ဘက်သတ် ..... ရက်စက်ခြင်းတွေကိုတော့ တကယ်ကို မခံစားနိုင်ခဲ့ပါဘူး........
ချစ်သူကို နားလည်တတ်ခြင်း၊ ခွင့်လွှတ်တတ်ခြင်းတွေနဲ့ ချစ်ခဲ့တယ်၊ အချိန်ကာလ ကြာမြင့်စွာပေါ့....တတ်နိုင် သမျှ အလိုလိုက်ရင်းနဲ့ပါ၊ သူ့မိသားစုနဲ့ သူကိုယ်တိုင်ရဲ့ မျှော်လင့်ချက်တွေက ဒီလောက်နဲ့ မတင်းတိမ်နိုင်ဘူးလေ...... သာမန်ဝန်ထမ်း တစ်ယောက်အတွက် (၃)နှစ်ဆိုတဲ့..အချိန်လေးမှာ သင့်တင့်တဲ့ အိမ်တစ်လုံးရယ်၊ နောက်..... အမြင့်ကြီး မဟုတ်ပေမဲ့ နံပါတ်မနိမ့်တဲ့ ကားလေးတစ်စီးရယ်တဲ့.... သိပ် အကြီးအကျယ်ကြီး မဟုတ်ပေမဲ့.....ခမ်းနားတဲ့ မင်္ဂလာပွဲလေးတစ်ခုလဲ လုပ်ချင်တယ်တဲ့.......
``ဒီကိစ္စ ကိုတော့မောင် တာဝန်ယူပေးပါ...... ကျန်တာကိုတော့ မေမေတို့ ဆောင်ရွက်ပေးလိမ့်မယ်၊ မောင် ...........အဆင်ပြေအောင် လုပ်ပေးပါနော် ........သမီးလဲ နဲနဲငယ်သေးတယ်ထင်လို့.......နောက်(၃)နှစ်လောက်မှ လက်ထပ်မှာပါလို့မေမေတို့ ခေါ်မေးတော့ ပြော ထားတယ်...မောင် ၊ ကျိုးစားပေးနော်...... မောင်မလုပ်နိုင်ရင် ဟွေးတို့ ဝေးကြလိမ့်မယ်.... ဟွေး ယုံကြည်ပါရစေမောင်ရယ်.... ´´ တဲ့
ကျွန်တော့်အတွက် အိပ်မက်ဆန်တဲ့ စကားတွေပါပဲ၊ ဘယ်လိုမှ ...မဖြစ်နိုင်ပါဘူး၊ ဘာမှလဲ... ပြန်မပြောဖြစ်ခဲ့ ဘူး၊ မြေကြီး ကို....ငုံ့ကြည့်နေ မိတယ် ဘာတွေကိုမှ မမြင်ခဲ့ဘူးလို့ဘဲ ထင်တယ်၊ ဟွေးကတော့..... လေးပင်လှတဲ့ သက်ပြင်းမောကြီး ကို မှုတ်ထုတ်ပြီးနှုတ်ဆက် ထွက်သွားတယ်၊ ၀န်ထမ်းတစ်ယောက်အတွက်.......နောက်ပြီး မတရားရယူဖို့ စိတ်ကူးမရှိတဲ့ ကျွန်တော့် အတွက် မဖြစ်နိုင်တဲ့ တောင်း ဆိုချက်တွေကို ဟွေးတောင်းဆိုခဲ့ပြီ...... မြင့်လွန်းတဲ့ ပန်း...လေး၊ ချစ်မိတဲ့ မျက်လုံးထဲမှာတော့......... နိမ့်ခြင်းမြင့်ခြင်းတွေ မရှိခဲ့ဘူးလေ ချစ်ခြင်းတွေသာရှိခဲ့တာပါ...... ခံစားရဦးမယ်ဆိုတာတော့..... ရေးရေးလေး သိလိုက်တယ်.. ဟွေး ကိုကြည့်နေမိတဲ့ အကြည့်တွေ ကတော့ေ၀၀ါးနေခဲ့ပြီ......ေ၀၀ါး နေခဲ့ပါပြီဟွေးရယ်.....။
ဟွေး သတ်မှတ်ပေးခဲ့တဲ့ (၃)နှစ်ကို အားအင်ချိနဲ့စွာ ဖြတ်သန်းရင်း၊ အားငယ်စိတ်ကို ဖြေသိမ့်ရင်းနဲ့ ကောင်းမွန် စွာဘဲ ဖြတ်သန်းခဲ့ပါတယ်.... အိမ်တစ်လုံးစာလဲ ငွေမရှိဘူး၊ ကျန်တာတွေကိုလဲ မစဉ်းစားခဲ့ဘူး၊ ကျင်လည်ရာ ...၀န်းကျင်လေးကိုဘဲ တတ်နိုင်သမျှ လှပအောင် ကျိုးစားရင်းပေါ့......
ဟွေးဆီက နေ ကာလအလိုက် သတိပေးမှုလေးတွေ၊ စုံစမ်းမှုလေးတွေက အရောင်ရင့်ရင့်လာခဲ့တယ်၊ အခု သတ်မှတ်ချိန်လဲ ပြည့်တော့မယ်၊ အညိုရောင် သတိပေးချက်တွေလဲ ထွက်ပေါ်လာခဲ့ပြီ... ပြောထာတဲ့အတိုင်း ဖြစ်မလာရင် အိမ်ကလဲ အခြားတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ စီစဉ်တော့မယ်တဲ့.......၊ဖုန်းဆက်သမျှ နောက်ဆုံးမှာ..`` မောင့်ကို အရမ်းချစ်တယ်......ဟွေးတို့ မခွဲပါရစေနဲ့ မောင်ရယ်.....လွမ်းလဲလွမ်းလှပြီဟွေး လေ....စိတ်ကူးတွေယဉ်မိတယ်.....မောင်နဲ့ အတူ သာယာတဲ့ ဘ၀လေးကို..´´ တဲ့ ကျွန်တော်လဲ ပြန်ပြောခဲ့ပါတယ် ``မောင်လဲ လွမ်းနေတယ်......ဟွေး´´ လို့.......။
သတ်မှတ်ချိန် ကျော်လွန်ပြီး ............(၂)လလောက်မှာတော့...... နွယ် တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြု လိုက်ရတယ်..... ကျွန်တော်လေ....... အရမ်းဝမ်းနည်းမိပါတယ်...... ကျွန်တော်တို့ ဘာ အပြစ်များ ရှိခဲ့ကြလို့လဲ....ဘယ်လို အကု သိုလ်တွေကိုများ ကျူးလွန်ခဲ့ကြလို့လဲ...........လို့၊ ဟွေးကိုလဲ သနားလိုက်တာ.....
နာကြားဘူးသော အဘိဏှသုတ်တော်ကို သတိရမိပါတယ်..... `` သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာ ဘာဝေါ ၀ိနာဘာဝေါမှိတိအဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ´´ ( ငါ့အား ခပ်သိမ်းကုန်သော ချစ်နှစ်လို အပ်ကုန်သော။ နှလုံးကို ပွားစေတတ် ကုန်သော အဆွေ အမျိုး အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့်အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲကွဲရခြင်းသည်လည်းကောင်း ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲကွဲရခြင်းသည်ရှိ၏။ ဤသို့ နေ့ညဥ့် မပြတ်ဆင်ခြင်အပ်၏။) တဲ့ နွယ်ရေ မချစ်မနှစ်သက်သူနဲ့ အတူ ပေါင်းဖော်နေထိုင်ရရင် ဟွေး ဘယ်လောက်များ စိတ်ဆင်းရဲနေလိမ့်မလဲလို့..... မောင်ကတော့လေ.. ..ချစ်သူနဲ့ ကွေကွင်းရခြင်း ဆိုတဲ့ ဒုက္ခတစ်မျိုးထဲကို ခံစားနေရတာတောင်........ ရင်ထဲမှာ စူးနစ်ပြီး အောင့်လိုက်တာဟွေးရယ်.....။
သူတို့ကို ငူငှက် ဒါမှမဟုတ်...မယ်ဇယ်ငှက်ကလေးတွေလို့ခေါ်တယ်သားရဲ့၊ သူတို့က အုပ်စုလိုက်နေကြ တာပြီးတော့လေ.... မေမေဆက်ပြီးပြောပြခဲ့တဲ့ ငှက်ကလေးတွေက ညောင်ပင်ကြီးကို သုံးပုံ..ပုံပြီး အပေါ်ဆုံးတစ်ပုံမှာသီးတဲ့ညောင် သီးလေးတွေကိုပဲ စားတာတဲ့၊ သူတို့ကို လူက လေးနဲ့ဖြစ်ဖြစ်၊ ခဲနဲ့ ဖြစ်ဖြစ် ပစ်လိုက်လို့ ထိသွားရင် သူတို့က ချက်ချင်း မသေနိုင်သေး ရင်သူတို့စားထားတဲ့ အစာလေးတွေကို ပြန်ပြီး အန်ပြကြတယ်တဲ့.......သဘောကတော့ သူတို့ဟာ....လူတွေ စိုက်ပျိုးထားတဲ့ကောက် ပဲသီးနှံတွေကိုလည်း မစားပါဘူး၊ နောက်ပြီး အခြားငှက်တွေလို သက်ရှိ သတ္တ၀ါလေးတွေကိုလည်း မစားပါဘူး...... ဘာကြောင့်များ သူတို့ကို ဒီလိုရက်ရက်စက်စက် ပစ်ချရတာပါလဲလို့......မေးတာပါတဲ့.... ကျွန်တော်လေ မေမေပြောတာကို နားထောင်ရင်းနဲ့ မယ်ဇယ် ငှက်ကလေးတွေကို သနားလိုက်တာ..... အခုထိ စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ရှိနေဆဲပါ.....
ဒါပေမဲ့မေမေ......... သားလေ.......အခု ခံနိုင်ရည်မရှိဘူး၊ မေမေ့ကို အရမ်းသတိရတယ်.... သားရင်တွေ ပူလောင်လွန်းလှပါတယ်....မေမေရယ်။ သား မယ်ဇယ်ငှက်လေးလိုလေ........သားရင်ထဲက အချစ်တွေကို အန်ချပြလိုက်ချင်ပါတယ် ဘာတွေများ စားသောက်မိခဲ့လို့..........ဒီလိုရက်စက်ရတာလဲ............လို့။
No comments:
Post a Comment